ရာဇဝင်ချုပ်ပထမစောင် 21:12
ပရောဖက်ဧလိယ ပေးလိုက်သောစာသည် ထိုမင်းထံသို့ ရောက်သဖြင့်၊ သင့်အဘဒါဝိဒ်၏ ဘုရား သခင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ခမည်းတော်ယောရှဖတ်လမ်းနှင့် ယုဒရှင်ဘုရင်အာသ လမ်းသို့ မလိုက်၊
1835 Judson Burmese Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 21
Cross References
1 Kings 15:11အာသသည် အဘိတော်ဒါဝိဒ်ပြုသကဲ့သို့ ထာဝရဘုရားရှေ့တော်၌ တရားသဖြင့်ပြု၏။
1 Kings 22:43ထိုမင်းသည်ခမည်းတော် အာသလိုက်သော လမ်းကိုမလွှဲ၊ အကုန်အစင်လိုက်၍ ထာဝရဘုရား ရှေ့တော်၌ ဖြောင့်မတ်သော အကျင့်ကိုသာ ကျင့်၏။ သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသောကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ကြ၏။
2 Kings 2:11ထိုသို့နှုတ်ဆက်လျက်သွားကြစဉ်တွင်၊ မီးရထား နှင့် မီးမြင်းတို့သည် ပေါ်လာ၍ ထိုသူနှစ်ယောက်တို့ကို ခွဲခွါသဖြင့်၊ ဧလိယသည် လေတွေအားဖြင့် ကောင်းကင်သို့ တက်လေ၏။
2 Chronicles 14:2အာသမင်းသည် မိမိဘုရားသခင် ထာဝရ ဘုရားရှေ့တော်၌ ကောင်းသောအမှု၊ ဖြောင့်မတ်သော အမှုတို့ကို ပြုလေ၏။
2 Chronicles 17:4ဗာလဘုရားတို့ကို မဆည်းကပ်၊ ခမည်းတော်၏ ဘုရားသခင်ကိုသာ ဆည်းကပ်သဖြင့်၊ ဣသရေလအမျိုး ၏ ထုံးစံကိုရှောင်၍၊ ပညတ်တရားတော်ကို ကျင့်သော ကြောင့်၊ ထာဝရဘုရားသည် စောင့်မ၍၊
Jeremiah 36:23ယေဟုဒိသည် သုံးလေးခဏ်းလောက် ဘတ်မိ လျှင်၊ ရှင်ဘုရင်သည် စာရေး၏ထားနှင့်လှီး၍ မီးမယ်ဖျူး ပေါ်မှာရှိသော မီးထဲသို့ စာလိပ်ကို ချပစ်လျှင်၊ အကုန် အစင်ကျွမ်းလောင်လေ၏။